Saturday 7 April 2012

"ဒီစိတ်ပဲ"

အရေးမလှ၊ တွေးသမျှ၊ ဆွေးရတာလည်း၊ ဒီစိတ်ပဲ။
တရားမ၀င်၊ အများပင်၊ မှားချင်တာလည်း၊ ဒီစိတ်ပဲ။
နှလုံးမ၀င်၊ မပြုံးရွင်၊ မုန်းချင်တာလည်း၊ ဒီစိတ်ပဲ။
အပြစ်မမြင်၊ အနှစ်ထင်ချစ်ခင်တာလည်း၊ ဒီစိတ်ပဲ။
ကာမဂုဏ်တွင်၊ အာရုံဝင်၊ ပျော်ရွင်တာလည်း၊ ဒီစိတ်ပဲ။
အကန်းအသွင်၊ အရမ်းနှင်၊ ကြမ်းချင်တာလည်း၊ ဒီစိတ်ပဲ။
ချစ်စရာကောင်း၊ မုန်းဖို့ကောင်း၊ ပြောင်းချင်တာလည်း၊ ဒီစိတ်ပဲ။
အပြုအပြင်၊ လူ့တခွင်၊ နုချင်တာလည်း၊ ဒီစိတ်ပဲ။
သတိဥာဏ်ယှဉ်၊ သမ္ပဇဉ်၊ သိမြင်တာလည်း၊ ဒီစိတ်ပဲ။
ဒါန သီလ သမထ၊ ပြုကြတာလည်း၊ ဒီစိတ်ပဲ။
သာသနာကို၊ မကြည်ညီု၊ တွန့်တိုတာလည်း၊ ဒီစိတ်ပဲ။
အနေမကျ၊ အခြေမကျ၊ သေရတာလည်း၊ ဒီစိတ်ပဲ။
ဘာဝနာရုပ်နာမ်၊ အမြင်သန်၊ ကျင့်ကြံတာလည်း၊ ဒီစိတ်ပဲ။
တစ်မဂ်တစ်ဖိုလ်၊ ရက်တိုတို၊ ရောက်လိုတာလည်း၊ ဒီစိတ်ပဲ။

No comments:

Post a Comment