Monday 19 December 2011

"ပညာစုံမှ ပြန်လာမည်"

ရပ်ရွာကိုခွာ မြီု့သို့လာ၍
ပညာသင်ရ ငါဘ၀ကား
မီဘဆွေမျီုး ကင်းဝေးပေ၏
ကလေးဘ၀ ပျော်ခဲ့ကြသည်
ငယ်ကပေါင်းသင်း ရောင်းရင်းများလည်း
ကွေကွင်းခွဲခွါ လာခဲ့ရ၏
ငါ့မိ ငါ့ဘ ငါ့ညီအကိုနှင့်
ငါ့မျီုး ငါ့ဆွေ ငယ်ကျွမ်းတွေလည်း
ငါလေမြီု့ကို သွားမယ်ဆိုတော့
ငိုသူကငို မျက်ရည်ရီုလျှက်
မငိုသူက ၀မ်းနည်းကြ၏
ငါ့အပေါ်တွင် သံယောဇဉ်ကြောင့်
ရင်တွင်းအမျှ ခံစားရပုံ
တွေးဆမီတိုင်း မျက်ရည်ဝိုင်းခဲ့
ပျော်ရာမနေ တော်ရာနေ၍
အချိန်ရှိခိုက် လုံ့လစိုက်နော်
မမိုက်လေနှင့် ငါ့တပည့်ရယ်လို့
ပဲ့ပြင်ဆုံးမ လမ်းညွန်ပြသည်
ဆရာ့စကား ပြန်လည်ကြားသည်
ပညာစုံမှ ပြန်လာမည်။

အရှင်မုနိန္ဒ .M.A.Buddhism.Magadh University.Bodh Gaya India.

No comments:

Post a Comment