Monday 19 December 2011

"အောင်တော်မူခြင်း ၃၃ ပါး"

က=ဟူသည်ကား...ကိလေသာမန်ကိုအောင်တော်မူသည်လည်းတစ်ပါး။

ခ=ဟူသည်ကား....ခန္ဓမန်ကိုအောင်တော်မူသည်လည်းတစ်ပါး။

ဂ=ဟူသည်ကား....ဂတိသစ္စမှန်သည်လည်းတစ်ပါး။

ဃ=ဟူသည်ကား...ဃတိကဗြဟ္မာ ရွှေကြာသင်္ကန်းကို ကပ်တော်မူသည်လည်းတစ်ပါး။

င=ဟူသည်ကား.....ငဆန်းဒေးအမတ်နှင့်တောထွက်တော်မူသည်လည်းတစ်ပါး။

စ=ဟူသည်ကား.....သစ္စာလေးပါးတရားတော်ကို အကြွင်းမရှိ သိတော်မူသည်လည်းတစ်ပါး။

ဆ=ဟူသည်ကား.....ဆအဘိဥာဏ်ခြောက်ပါးနှင့် ပြည့်စုံတော်မူသည်လည်းတစ်ပါး။

ဇ=ဟူသည်ကား......အဇ္ဇဗလညောင်ပင်ရင်း၌သိတင်းသုံး နေထိုင်တော်မူသည်လည်းတစ်ပါး။

ဈ=ဟူသည်ကား.....ဈာန်သမာပတ်ကို ရတော်မူသည်လည်းတစ်ပါး။

ည=ဟူသည်ကား....ပုပ္ပေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ ခန္ဓဥာဏ်တည်းဟူသော ဥာဏ်သုံးပါးနှင့်ပြည်စုံတော်မူသည်လည်းတစ်ပါး။

ဋ=ဟူသည်ကား.....အတိဟေတုအမည်ရှိသော ဒိဋိသုံးမျီုးကို ချွတ်တော်မူသည်လည်းတစ်ပါး။

ဌ=ဟူသည်ကား.....အဓီဌာန်ကျင့်တော်မူသည်လည်းတစ်ပါး။

ဍ=ဟူသည်ကား.....ဓမ္မစင်္ကြာတရားတော်ကို ဟောတော်မူသည်လည်းတစ်ပါး။

ဎ=ဟူသည်ကား.....တစ်ထောင်သော ဒိဋိတို့ကို ချွတ်တော်မူသည်လည်းတစ်ပါး။

ဏ=ဟူသည်ကား...တစ်ထောင့်ငါးရာကိလေသာကို ပါယ်ခွါစွန့်ပစ်တော်မူသည်လည်းတစ်ပါး။

တ=ဟူသည်ကား...အတိတ်၊ အနာဂတ်ကို သိတော်မူသည်လည်းတစ်ပါး။

ထ=ဟူသည်ကား...ထိသုံးပါး၊ မထိသုံးပါးကို သိတော်မူသည်လည်းတစ်ပါး။

ဒ=ဟူသည်ကား...ဒေ၀ပုတ္တမာန်၊ ကိလေသမာန်၊ ခန္ဓမာန်၊ မေစ္စုမာန်၊ အဘီသင်္ခါရမာန်၊ မာန်ငါးပါးကို အောင်တော်မူသည်လည်းတစ်ပါး။

ဓ=ဟူသည်ကား...ဓမ္မိရလတ်သဒ္ဒါနှင့် ရသောပစ္စည်းရပ်ကို ဘုန်းပေးသုံးဆောင်တော်မူသည်လည်းတစ်ပါး။

န=ဟူသည်ကား....နိဗ္ဗာန်တည်းဟူသော တစ်ဘက်ကမ်းကိုယူဆောင်ကယ်တင်တော်မူသည်လည်းတစ်ပါး။

ပ=ဟူသည်ကား....ပါမောက္ခဆရာကြီးကိုချွတ်တော်မူသည်လည်းတစ်ပါး။

ဖ=ဟူသည်ကား....သဖုတ်သနှင့် ဖလိက ညီနောင်တို့ကို ( ၈ ) ဆူသောဆံတော်တို့ကိုပေးသနားတော်မူသည်လည်းတစ်ပါး။

ဗ=ဟူသည်ကား...အနာသဗိဏ်သူဌေ၏ဇေတ၀န်ကျောင်းတော်၌ သိတင်းသုံးတော်မူသည်လည်းတစ်ပါး။

ဘ=ဟူသည်ကား...ဘဟိုစိန်ကြီးသဖွယ်အလွန်တင့်တယ်တော်မူသည်လည်းတစ်ပါး။

မ=ဟူသည်ကား....မဟော်သဓာဖွားတော်မူသည်လည်းတစ်ပါး။

ယ=ဟူသည်ကား...ယသော်ဓရာ မိဖုရားနှင့် မောင်းမငါးရာတို့ကိုပယ်ခွါစွန့်တော်မူသည်လည်းတစ်ပါး။

ရ=ဟူသည်ကား.....ရောင်ခြည်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသည်လည်းတစ်ပါး။

လ=ဟူသည်ကား..( ၄၉ )လုပ်သောဆွမ်းကိုဘုန်းပေးပြီး ( ၄၉ )ရက်တိုင်တိုင်ဆွမ်းအဟာရတို့ကိုပြတ်ကင်းတော်မူသည်လည်းတစ်ပါး။

ဝ=ဟူသည်ကား.....၀ါဆိုလ၌ ၀ါကပ်တော်မူသည်လည်းတစ်ပါး။

သ=ဟူသည်ကား....သောကြာနေ့၌ ဖွားတော်မူသည်လည်းတစ်ပါး။

ဟ=ဟူသည်ကား....ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသောအကြောင်းတရား( ၄ )ပါးနှင့် ပြည့်စုံတော်မူသည်လည်းတစ်ပါး။

ဋ္ဌ=ဟူသည်ကား.....လာလတ္တံ့သော ဘေးရန်မာန်ခတ်သိမ်းကင်းလွတ်ငြိမ်းပြောက်မရောက်စေသာ ချက်ချင်းကွာသည်လည်းတစ်ပါး။

အ=ဟူသည်ကား...ဘုန်းစုံပရမယ်( ၅ )တန်ရွေသွယ် အစိန္တေယ ကိုအဟံအကျွန်ုပ်သည်ဝန္ဒေ၀န္ဒာမိ ရှိခိုးပါ၏ မြတ်စွာဘုရား။







အရှင်မုနိန္ဒ .M.A .Buddhism..Magadh.University.Bodh Gaya India.။

No comments:

Post a Comment